Saturday, August 30, 2014




( သိပြီးရင်လည်း ကျော်သွားပါ ။ လိုချင်ရင်လည်း ဒေါင်းသွားပါ။ )

Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ
ရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ
ရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း 
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။





Credit ; Aung Min Han



အားပေးနေသော Mobile User အားလုံးကိုအစဉ်လေးစားလျက်


အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။

Posted by Kaung Htoo San On 5:28 AM 2 comments

2 comments:

  1. တင်ပုံလေးပါ ပြောပြပါလား အဆင်မပြေလို့

    ReplyDelete
  2. link သေသွားလို့ ထပ်တင်ပေးပါလား

    ReplyDelete

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Blog Archive

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages