Sunday, June 29, 2014

ဖုန်းတစ်လုံးရဲ့ Powersection ပိုင်းမှာပါဝင်တဲ့ components လေးတွေရဲ့အခေါ်အဝေါ်နဲ့ ပါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ့ ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်၊ပုံလေးတွေနဲ့ တကွရှင်းပြပေးထားပါတယ်။ကျွန်တော့်ရဲ့
သင်ဆရာများဖြစ်ကြတဲ့ အခြေခံ electronic ပညာကိုသင်ပေးတဲ့ဆရာကြီးဦးသန်းဆင့်
ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကိုသင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ဆရာချစ် နဲ့ မြင်ဆရာများ
ဖြစ်ကြတဲ့ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊နဲ့ ကိုစိုးမြင့်သူသူငယ်ချင်းဆရာများကိုဒီဆောင်းပါးလေးနဲ့ 
ဂါရ၀ပြုလိုက်ပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ဒီလို အဆင့်မြင့်နည်းပညာတစ်ခုကိုအခြေံအဆင့်မီတာတိုင်းနည်းတောင်မသိသေး
တဲ့ညီငယ်တွေအတွက်အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ဒါပေမယ့်ဘာမှအားမငယ်ပါနဲ့ ညီလေးတို့ ၊
ဇွဲရှိရှိနဲ့ ကြိုးစားအားထုပ်ဖို့ ပဲလိုပါတယ်။အဆင်ပြေရင်တော့အခြေခံပိုင်းပါပေါင်းစပ်သင်ပေးတဲ့
သင်တန်းတွေကိုမေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေက

(၁)  capacitor အ၀ါရောင်နဲ့ အညိုရောင်အတုံးလေးတွေပါ။သူတို့ က ပတ်လမ်းမှာလိုအပ်တဲ့
dc volt ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာရောရှက်ပါလာတဲ့
ac လှိုင်းအနှောက်အယှက်တွေကိုလဲဖယ်ရှားစစ်ထုပ်ပေးပါတယ်။ဒါကတော့ capacitor လေးတွေရဲ့
ပုံပါ။

smd-capacitor1

ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး

တပ်ထားပါတယ်၊တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး
ဖုန်းပါဝါသေတဲ့ပြစ်ချက်မျိုးတွေကြုံရပါတယ်။

IMG_6429
ဒီပုံမှာဆိုရင်မျှားအနီရောင်လေးပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီးပါဝါသေနေတာပါ၊
power supply နဲ့ ချိတ်လိုက်ရင်အမ်ပီယာအဆုံးထိပြသွားပါတယ်။ဒီလိုပြစ်ချက်မျိုးက
အတွေ့ အကြုံများတဲ့သူဆိုရင်ချက်ချင်းစဉ်းစားမိမှာပါ။ battery ငုတ်ရဲ့အ၀င်မှာနားက
အပေါင်းအနှုတ်လိုင်းကိုခွပြီးတတ်ထားတဲ့ ဒီကောင်လေးက dc ဗို့ ကိုလုံးဝပိတ်ချလိုက်တာ။
Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက်ကတော့၊ရှော့ဖြစ်ပြီးဝါယာကြိုးတစ်ချောင်းလိုဖြစ်သွားတာ
နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ်ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုးလုံး
ဝပျောက်သွားတာမျိုးပါ။ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။တကယ်လို့ ဒီပစ္စည်းလေး
တွေကိုအစားထိုးပြုပြင်မယ်ဆိုရင်၊စက်ပြားဟောင်းလေးတွေစုဆောင်းထားရပါမယ်။
ဖုန်းထဲမှာအသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေကို
အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ဒါကြောင့်စက်ပြားများများစုဆောင်းထားတဲ့သူဟာ
အလွယ်တကူပဲပြင်ဆင်လို့ ရသွားမှာပါ။
(၂) Resistor ဒီကောင်လေးတွေကအမဲရောင်အတုံးအသေးဆုံးလေးတွေပါ။အရွယ်နဲနဲကြီးတဲ့
ကောင်တွေလဲအနဲငယ်သုံးပါတယ်။သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး
open ပြတ်သွားတာများပါတယ်။ fuse resistor  ကိုတော့အဖြူရောင်အတုံးလေးတွေအဖြစ်
ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။

smd-resistor
(၃) coil ကွိုင်လေးတွေကိုတော့ပါဝါပိုင်းမှာအနဲဆုံးလေးလုံးကနေခြောက်လုံးထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေသုံးရခြင်းရဲ့အကြောင်းကတော့၊ပတ်လမ်းမှာလိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊dc လျှပ်စီးကြောင်းကနေ ac အသွင်ကိုကူးပြောင်းယူရန်၊dc ဗို့ ကိုလို
အပ်သလိုထုပ်ယူပေးနိင်ရန်အသုံးပြုကြပါတယ်။ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။
´
power ic pin out
(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ပါဝါပိုင်းမှာ
နှစ်မျိုးစလုံးသုံးတတ်ပါတယ်။ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကိုလိုအပ်သလို
အပိတ်အဖွင့်လုပ်တဲ့နေရာမှာသုံးကြပါတယ်၊နောက်တစ်မျိုးက battery ကိုအားသွင်းတဲ့
နေရာမျိုးမှာအမ်ပီယာကိုလိုအပ်သလိုထိန်းချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ဒီပစ္စည်းလေးတွေ
ပျက်စီးသွားရင်တော့အမျိုးအစားတူတစ်ခုခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်၊
ခြေတောက်ကိုကြိုးပူးပြီးသုံးတာရတယ်ဆိုပေမယ့်၊တစ်ချို့ ပတ်လမ်းတွေမှာပါဝါအဖွင့်အပိတ်
လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါတွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက်လာ
နိင်ပါတယ်။ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။

Small-Outline-Transistors-SOT
(၅) DIODE ဒီကောင်လေးတွေကတော့ပါဝါပိုင်းမှာမပါ၇င်မဖြစ်တဲ့ပစ္စည်းလေးတွေပါ။
အေစီကနေဒီစီကိုပြောင်းပေးတဲ့နေ၇ာမှာသုံးပါတယ်။နောက်တစ်ခုကzener diode ပါ၊
သူ့ ကိုတော့တစ်ချို့ ညီငယ်တွေသိပ်သိမှာမဟုတ်ပါဘူး။သူကဘာလုပ်ပေးလဲဆိုတော့
ဒီစီဗို့ ကိုကန့် သပ်ပြီးတည်ငြိမ်အောင်ထိန်းငြှိပေးပါတယ်၊အထူးသဖြင့် charging ပိုင်းတွေမှာ
အသုံးများပါတယ်၊ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်၊ဒီကောင်
လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါသေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ပစ္စည်းကတော့ diode လေးပါ။
Rectifier-Diode
(၆) PMU  Power Management Unit ဖြစ်ပါတယ်၊ပတ်လမ်းမှာပါဝင်တဲ့၊အိုင်စီတွေရဲ့
ဲ့ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့အိုင်စီပါ။ဖုန်းတစ်လုံးရဲ့အသက်လို့ လဲပြောနိင်ပါတယ်။
ဒီအိုင်စီထဲမှာအဓိကအပိုင်း(၅)ပိုင်းလောက်ပါဝင်ပါတယ်။
battery ကနေ၀င်လာတဲ့ဗို့ အားကိုလက္ခံပေးတဲ့ input section
စတုဂံလှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator  ပိုင်း၊
ပါဝါအဖွင့်အပိတ်ကိုလက္ခပေးတဲ့ data in,out ပိုင်း၊
charging နဲ့ vibrator  အပိုင်း၊
ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ်။
ပုံမှာပြထားတာကတော့ power section တစ်ခုမှာပါဝင်တဲ့ပစ္စည်းလေးတွေစုပေါင်းဖွဲ့ စည်း
ထားတဲ့ပုံလေးပါ။

IMG_6406

(၇) CRTSTAL ဒီကောင်လေးကတော့၊ pmu အတွက်လိုအပ်တဲ့ oscillator ပိုင်းကိုထိန်းချုပ်ပေးပါ
တယ်။ပုံမှန်ပတ်လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကိုအသုံးပြုပေမယ့်၊ဒီအပိုင်းမှာတော့
တည်ငြိမ်တဲ့ဗို့ အားကိုလိုအပ်တဲ့အတွက်၊ crystal ကိုအသုံးပြုတာဖြစ်ပါတယ်။
Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။
ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေးတစ်ခုပါ။


11
အရင်ကတော့ဒီကောင်လေးတွေအပျက်နဲပါတယ်၊ hyawei g610 မှာတော့တော်တော်လေး
အဖြစ်များပါတယ်။သူရဲ့ error ကပါဝါဖွင့်ရင်တစ်ခါတစ်လေအလွယ်တကူပွင့်ပြီး၊တစ်ခါတစ်လေ
တော်တော်နဲ့ ဖွင့်မရတတ်ပါဘူး၊အဖုံးဖွင့်ပြီးအပူလေးပေးလိုက်မှရသွားတာမျိုးလဲရှိပါတယ်။
တစ်ချို့ ဖုန်းတွေမှာသုံးနေရင်းရုတ်တရက်ပါဝါပိတ်သွားပြီး၊ပြန်ဖွင့်လို့ မရတာလဲရှိပါတယ်။
အကြောင်းကတော့ဒီ crystal လေးအရည်အသွေးညံ့လို့ ပါ။အဲဒီလိုပါဝါကြောင်တဲ့ဖုန်းတွေဆို
crystal လဲကြည့်သင့်ပါတယ်။ဒါကတော့power section ပိုင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ 
ဖြစ်တတ်တဲ့ error လေးတွေပါ။ဒီပုလေးကတော့ power ပိုင်းရဲ့ ဆားကက်ပုံလေးပါ။


2014-04-27_100648
အလုပ်လုပ်ပုံအသေးစိတ်ကတော့ကျွန်တော့ရဲ့မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်းရှင်းပြထားတာလေးကိုမှီ
ငြမ်းပြီးပြောပြပါမယ်။
Battery ကတဆင့်ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pinကနေတဆင့် pwm modulator
ထဲကိုဝင်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာပါ
လှိုင်းထုပ်တဲ့အပိုင်းပါ။အဲဒီလိုပဲအပေါင်းဗို့ ဟာ fet ရဲ့  drain ကိုကိုလဲတိုက်ရျိက်ရောက်နေပါတယ်။
power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီးအိုင်စီ
ကိုစတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်းအလုပ်လုပ်ပြီးoutput ပိုင်းမှာရှိတဲ့ coil
အုပ်စုကနေတစ်ဆင့်အိုင်စီများအတွက်လိုအပ်တဲ့ဗို့ အားများကိုထုတ်လွတ်ပေးပါတယ်။

21
power ic  တွေမှာအဖြစ်များတဲ့ပြစ်ချက်ကတော့ no power,charging error, ပိုင်းတွေပါ၊ရေ၀င်တဲ့ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာများပါတယ်။ battery တတ်လိုက်ရင် vibrator ဆက်တိုက်တုန်ခါနေတာမျိုးလဲဖြစ်တတ်ပါတယ်။
pmu ရှော့ဖြစ်ရင်တော့အသစ်လဲလယ်ပေးမှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့
၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာအသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။




ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။






..........::::: အဆင်ပြေပါစေ :::::..........
Posted by Kaung Htoo San On 7:27 AM 22 comments

22 comments:

  1. Thank you brother,thank you so much.

    ReplyDelete
  2. ခုလိုပြန်လည်မျှဝေတာအရမ်းကျေးဇူးတင်ပါတယ်။ကျွန်တော့လိုစလေ့လာစသူတစ်ယောက်အတွက်အများကြီးအသုံးမဝင်ပေမယ့်။အခေါ်အဝေါ်လေးတေသိပြီးအလုပ်လုပ်ပုံလေးတေပါသိရတော့တော်တော်အကျိုးကျေးဇူးရှိပါတယ်။ :)

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် မျှဝေခွင့်ပြုပါ

    ReplyDelete
  4. ကျေးဇူတင်ပါတယ်ဆရာ

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်အကို.....

    ReplyDelete
  6. Honor Hol U10 ကို firmware တင်တာ ပါဝါမလာတော့ဘူး ဘယ်လိုလုပ်သင့်လဲဆိုတာကူညီကြပါအုံး

    ReplyDelete
  7. Honor Hol U10 ကို firmware တင်တာ ပါဝါမလာတော့ဘူး ဘယ်လိုလုပ်သင့်လဲဆိုတာကူညီကြပါအုံး

    ReplyDelete
  8. ph တစ်ခုမှာ emmc မရှိလည်း ပါဝါပွင့်နိုင်လား bro? emmc က power တက်တာ မတက်တာနဲ့ ဆိုင်လား bro?

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. emmc လုံးဝမရှိရင်တော့ ရဘူးလေ power ဘယ်လာပါမလဲ
    emmc လုံးဝ သုံးမရတော့မှ power မလာတာ တော်ရုံဆို power လာပါတယ်

    ReplyDelete
  11. အရမ်းကောင်းပါတယ်

    ReplyDelete
  12. အရမ်းကောင်းပါတယ်

    ReplyDelete
  13. power လာp စက်ပူနေတယ် ကူညီကျပါအုံးဆရာတို့

    ReplyDelete
  14. နောက်ထပ် မှတ်သားစရာ ပို့စ်တွေလဲ ထပ်တင်ပေးပါအုန်း ကျွန်တော်တို့လို service သမားပေါက်စတွေအတွက် ပညာရပါတယ်

    ReplyDelete
  15. Huawei G5100-0010 လေး battery တစ်အားစားနေလို့ အားသွင်းရင်
    မြန်တယ် အားကုန်တာလည်းမြန်တယ် အလင်းပြပါအုံးဆရာတို့

    ReplyDelete

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Blog Archive

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages