Friday, August 15, 2014


iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...? 
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။ 

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။ 
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့.... 




ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။ 

အကယ်၍ ယခုလိုအဖြစ်အပျက်မျိုး မိမိဆီမှာ တွေ့ကြုံရလာတဲ့အခါ အောက်ပါအတိုင်း ရှင်းလင်းခြင်းဖြင့် သွင်းယူထားသော App တွေ ပြည်လည် ပေါ်လာမှာဖြစ်ပါတယ်.. 

၁) iFile ကို ဖွင့်ပါ။ (မရှိသေးပါက Cydia မှ သွင်းယူပါ)
၂) /var/mobile/Library/Caches လမ်းကြောင်းအတိုင်းသွားပြီး "com.apple.mobile.installation.plist" ကို Delete လုပ်ပါ။
၃) iPhone, iPad ကို Power button အသုံးပြု၍ Power Off လုပ်ပါ။
၎) Power ပြန်ဖွင့်၍ တက်လာသောအခါ ပုံမှန်အတိုင်း သွင်းယူထားသော App များအားလုံးကို မြင်တွေ့ရပါမည်။ 




အကယ်၍ မမြင်တွေ့ရသေးပါက အဆင့် (၂) အတိုင်း ပြန်သွား၍ "com.apple.mobile.installation_backup.plist" ကိုပါ Delete လုပ်ပါ။ 
Reboot ပြန်လုပ်သောအခါတွင် အားလုံးပုံမှန် ပြန်လည်၍ အလုပ်လုပ်ပါလိမ့်မည်... 








အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။



အားလုံးအတွက် ကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။
Posted by Kaung Htoo San On 11:37 PM No comments

0 comments:

Post a Comment

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Blog Archive

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages