Wednesday, March 30, 2016


LG Smart Phone ရဲ့ Official Firmware တွေကို Download ရယူပြီး Firmware
တင်တဲ့အခါမှာ တချို့မတင်တက်တဲ့သူတွေအတွက် .KDZ Firmware ဖိုင်ဖြင့် LG Device များအား
Firmware ရေးသားနည်းကို တင်ပေးလိုက်ပါတယ်။ ကျတော်ကတော့ LG KU5900 အား Firmware
တင်ပုံလေးကို ရေးသားပေးထားပါတယ်။ အရင်ဆုံးလိုအပ်တာကတော့ Firmware နဲ့ LG Flashtool
လေးပါ။

Firmware ကတော့ ကိုတင်မဲ့ model ကိုရှာဖွေ Download ရယူပါ။

လိုအပ်တာလေးတွေ ရပြီဆိုရင် Firmware တင်ခြင်းစလိုက်ကြရအောင် :)
အရင်ဆုံး LG Flashtool ကိုဖွင့်လိုက်ပါ။
lg 1-picsay
ပုံမှာပြထားတဲ့ နေရာလေးကနေ Download ရယူထားတဲ့ .KDZ firmware ဖိုင်အားရွေးထည့်လိုက်ပါ။
lg 6
ဖုန်းကို Volume up key ဖိထားပြီး USB ကြိုးထိုးပေးလိုက်ပါ။
picsay-1459317602282
ဒီနေရာမှာ Normal Flash နဲ့ SCE Flash ဆိုပြီးရှိပါမယ်။ ကျတော်ကတော့ Normal Flash နဲ့သွားပါတယ်။
ကွာခြားမှု့က Normal Flash ဆိုရင် Firmware တင်ပြီးတဲ့အခါ ဘာမှမပျက်သွားတာကိုတွေ့ရပါမယ်။
CSE Flash ကတော့ data တွေအကုန်လုံးပျက်ပါတယ်။
lg 2-picsay
ပုံမှာပြထားတဲ့နေရာလေးကို ရောက်လာပါမယ်။ Start Button လေးကိုနှိပ်ပြီး ဆက်သွားပါမယ်။
lg 3-picsay
ဒီနေရာကတော့ Country နဲ့ Language နဲ့ရွေးပေးရမဲ့နေရာပါ။ ကျတော်ကတော့ Firmware က Korea အလုံး
လေးမို့လို့ ရွေးစရာမလိုတော့ပါဘူး။ OK နဲ့ဆက်သွားပါမယ်။
lg 4-picsay
ဒီအဆင့်မှာဆိုရင်တော့ Flashtool ကနေ Firmware တင်ခြင်းစနေပါပြီ။ အရင်ဆုံး အဆင့် 1 ကတော့ Driver
သိမသိစစ်နေတာပါ။ 100% ရောက်ရင် 2 ကိုရောက်ပါမယ်။ ဒါကတော့ ကျတော့်အထင်တော့ Firmware ကို
Tool က ဖြည်ချနေတာဖြစ်ပါမယ်။ 100% ရောက်ရင် 3 ကိုကူးသွားပါမယ်။ 3 ကတော့ Firmware တင်နေတာပါ။
lg 5
96% လောက်ရောက်ရင်တော့ ဖုန်းမှာ Reboot ကျပြီး LG Logo တက်လာပါမယ်။ 100% ထိပြီးအောင်အလုပ်လုပ်
ပါစေ။ ကြိုးမဖြုတ်လိုက်ပါနဲ့။ ဖုန်းမှာ Lock Screen ကိုတက်လာပြီဆိုရင်တော့ Firmware တင်ခြင်း ပြီးစီးပါပြီ။



အဆင်ပြေကြပါစေ။
အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။
Posted by Kaung Htoo San On 12:12 AM No comments

0 comments:

Post a Comment

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages