Xperia Z1 version 4.4.4 ရဲ့ Build number 257 အတွက်
Root လုပ်နည်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကြာနေပြီဆိုပေမဲ့ ရှာရခက်နေသူတွေအတွက် ရည်ရွယ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။
သိပြီးသားသူတွေအတွက်ကတော့ အဆင်ပြေပြီးသားဖြစ်တာကြောင့်
ကျတော့် post လေးကို ကျော်သွားနိုင်ပါတယ်။ :)
အရင်ဆုံး လိုအပ်တာလေးတွေဒေါင်းလိုက်ပါ။
...
ဒေါင်းပြီးပြီဆိုရင်တော့ လုပ်ငန်းလေးစ ကြည့်ရတာပေါ့ :)
- ဒေါင်းလို့ရတဲ့ Kernel လေးနှစ်ခုထဲက Build number 108 kernel ကို Flashtool
ထဲကို ထည့်လိုက်ပါ။
- Phone ကို power ပိတ်လိုက်ပါ။
- Flashtool မှာ key ပြပြီး phone နဲ့ connect လုပ်ခိုင်းနေပါလိမ့်မယ်။
phone ရဲ့ volume down key ကို နှိပ်ထားပြီး Computer နဲ့ connect လုပ်ပေးလိုက်ပါ။
Flashtool မှာ အလုပ်လုပ်သွားပြီး finish ဆိုတဲ့စာတန်းလေးပေါ်လာပြီး
phone ကို power ပြန်ဖွင့်နိုင်ကြောင်း ပြောပါလိမ့်မယ်။
ဒါဆိုရင် Build number 108 kernel သွင်းခြင်းပြီးဆုံးပါပြီ။
Phone ကို USB Debugging on ပြီး ROOT လုပ်နိုင်ပါပြီ။
Root လုပ်ပြီးပြီဆိုရင်တော့ Build number 108 kernel ထည့်တဲ့နည်းအတိုင်း
Buildnumber 175 ပြန်ထည့်ပေးလိုက်ပါ။
Credit ; Original Owner
ကျတော် သိသလောက် တက်သလောက် ပြန်လည်မျှဝေခြင်းဖြစ်တာကြောင့်
အမှားပါရင်တော့ ခွင့်လွှတ်ပေးပါ။
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက် အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
ညီကိုမောင်နှမများကို ကျေးဇူးတင်ပါတယ်။
အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။