Wednesday, November 26, 2014



Xiaomi Note 4  LTE { HM  Note 1LTEW } ကို မြန်မာစာအဆင်မပြေသူတွေအတွက်
MIUI 6 ROM လေးတင်ပြီး မြန်မာစာ အဆင်ပြေပြေတင်နည်းလေး
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီကောင့်ကို ကျတော် Root လုပ်ဖို့ Philz Touch recovery ထည့်ပြီး
Root ဖောက်တာ Update_SU ကို install လုပ်တဲ့ထိအဆင်တော်တော်လေးပြေပါတယ်။
ဒါပေမဲ့ Error က install လုပ်ပြီးမှ စတာပါပဲ။
install လုပ်ပြီး Reboot ပြန်ချပေးရတာတော့ အားလုံးသိတဲ့အတိုင်းပါ။
အဲလို Reboot ချတဲ့ချိန်မှာ ဒီကောင်က Bootloop ဖြစ်ပြီး Error တက်တာပဲ။
ဘယ်လိုမှကိုအဆင်မပြေတာ။
ပြောတာနဲနဲများသွားပြီ ... လိုအပ်တာလေးတွေ အရင်ဒေါင်းလိုက်ရအောင် :)









ROM တင်ဖို့လိုအပ်တာဒေါင်းပြီးပြီဆိုရင်
စပြီးလုပ်ဖို့ ကျတော်ရှင်းပြပေးပါမယ်။

အရင်ဆုံး ROM တင်ဖို့ ဒေါင်းလို့ရလာတဲ့ ROM zip လေးကို sdcard ထဲ ထည့်ထားပါ။

ပြီးရင်တော့ Philz Touch Recovery ကို သွင်းပါမယ်။
Phone ကို Fastboot mode အနေအထားမှာ ထားပြီး adb command ကနေ
Philz Touch ကို သွင်းပါ။

Fstboot mode = volume down + power


Command Box ဖွင့်ပြီး Fastboot flash boot recovery.img လို့ရိုက်ပြီး
recovery.img ကို Flash ပေးလိုက်ပါ။

ဒါဆို Philz Touch Recovery သွင်းပြီးပါပြီ command မှာ Fastboot reboot လို့
ရိုက်လိုက်ပါ။ Recovery ထဲတန်းဝင်သွားပါမယ်။
sdcard ထဲထည့်ထားတဲ့ ROM zip လေးကို Flash ပေးလိုက်ပါ။
ပြီးရင်တော့ Reboot system ပေါ့။ အဲဒီချိန်မှာ သွင်းထားတဲ့ Philz Touch recovery ကို
disable လုပ်မလားမေးရင် disable လုပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ MIUI 6 ROM တင်ခြင်းပြီးဆုံးပါပြီ။ :)


Power ပြန်တက်လာပြီဆိုရင်တော့ အားလုံးလိုချင်တဲ့ မြန်မာစာ { Myanmar Font }
ပေါ့ဗျာ။ တော်တော်ခေါင်းစားတဲ့ပာာလေးပေါ့ { သိပြီးသားသူတွေမပါ ပါ }

ကဲ မြန်မာစာလေး ထည့်လိုက်ကြရအောင်။

အရင်ဆုံး Font ထည့်ဖို့အတွက် G730 MM Font v2 apk ကို install လုပ်ပါ။

apk မရှိသေးရင်တော့ >>> ဒီကနေ <<< ယူလိုက်ပါ။


apk ကို support လုပ်ဖို့အတွက် Root Accept တောင်းပါပြီ။
ဒီချိန်မှာ ကျတော်တို့ Root လုပ်ဖို့လိုအပ်ပြီလား :)
မသိရင်တော့ Root လုပ်ကြပြီပေါ့။ ကျတော်လဲအတူတူပါပဲ
ဘယ်လို Root ရမလဲ ???
version ကလဲ 4.4 ကြီးနဲ့ ???

လုံးဝမရခဲ့ပါဘူး။ :(

ဒါပေမဲ့ Ko Aung Khaing { MMAS & MMUG } ရဲ့ ကူညီအကြံပေးမှု့ကြောင့်
မြန်မာစာ ကို အဆင်ပြေစွာ ထည့်သွင်းနိုင်ခဲ့ပါပြီ။

ကျတော်စပြီး ရှင်းပြပါမယ်။ apk ကို install လုပ်ပြီးပြီဆိုရင်
apk လေးကိုဖွင့်လိုက်ပါ။ ဘာမှမလုပ်ပါနဲ့ ပြန်ပိတ်လိုက်ပါ။
ပြီးရင် Phone ထဲမှာ Original ပါလာတဲ့ Security apk လေးထဲဝင်လိုက်ပါ။
permission ဆိုတဲ့နေရာလေးကို ထက်ဝင်ပါ။
ပြီးရင် Root access ဆိုတဲ့နေရာလေးကို ၀င်လိုက်ပါ။
အဲဒီမှာတွေရပါလိမ့်မယ် install လုပ်ထားတဲ့ G730 MM Font v2 apk လေး
ဘေးနားက on/off ဘားလေးမှာ on ပေးလိုက်ပါ။
ပြီးရင်တော့ Home Screen ပေါ်က G730 MM Font v2 apk ကို ပြန်ဖွင့်လိုက်ပါ။
Root Access ကို နှိပ်လိုက်ပါ။
permission ရပြီးသားဖြစ်တာကြောင့် permission မတောင်းတော့ပါ။
ကဲ Font လေးကို ထည့်ဖို့ သူနှိပ်ခိုင်းထားတဲ့ နေရာလေးကို နှိပ်ပေးလိုက်ပါ။

Reboot ကျပြီးပြန်တက်လာပြီဆိုရင်တော့ သင့်ရဲ့ Xiaomi HM Note 1LTEW လေးမှာ
မြန်မာစာလေးကို အသုံးပြုနိုင်ပါပြီ။ :)

တကယ်လို့ Wifi Hostpot အလုပ်မလုပ်ခဲ့ရင် online ဖွင့်လိုက်တာနဲ့
system update သဘောမျိုးပေးပါလိမ့်မယ်။ အချိန်နဲနဲပေးပြီး update လေးလုပ်ပေးလိုက်ပါ။
Wifi Hostpot လေးအဆင်ပြေသွားပါမယ်။ :)



Credit ; Ko Aung Khaing { MMAS & MMUG }





ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်တယ်ဆို ကျေနပ်ပါတယ်။

ဝင်ရောက်လေ့လာအားပေးသော ညီကိုမောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ်။
အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။



Join my Facebook & Gmail
~~~~~~~~~~~~~~~~~~~~

Facebook ; https://www.facebook.com/ko.htoo.3323

Gmail ; 24seven.2s@gmail.com
Posted by Kaung Htoo San On 11:26 PM 4 comments

4 comments:

  1. အခုလက်ရှိတော့ recovery mode မှာရပ်နေတယ်....
    တင်ပေးထားတဲ့ ROM ကိုတော့ down နေတယ်...
    ဘယ်လိုဆက်လုပ်ရမလဲ ပြောပြပေးပါအုံးနော်.....!!!!1

    ReplyDelete
  2. အခုမှပဲအဆင်​​ပြေသွား​တော့တယ်​ ​ကျေးဇူးပါပဲဗျာ.

    ReplyDelete
  3. adb command box ဖွင့်လို့မ၇ဘူးဖြစ်နေတယ်အကို

    ReplyDelete
  4. အဲ့ဒါမတင်​ခင်​ နဂိုပါတဲ့ firmware ပြန်​ download လုပ်​ချင်​လို့ ဘယ်​မှာ down ရပါမလည်းခင်​ဗျာ
    Update လုပ်​လိုက်​တာ စပီကာသံရယ်​ mic ရယ်​ မရ​တော့လို့ပါ

    ReplyDelete

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Blog Archive

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages