Friday, July 25, 2014

ကျွန်တော် U8650 Deadboot ကို GPGJTAG-pro Box နဲ့ ပြန်နှိုးတာလေးကို သာမန် User တွေ ဗဟုရအောင်ပိုစ့်လေးတစ်ခုအနေနဲ့ ပြန်တင်ပေးတာပါခင်ဗျာ အရင်ဆုံး လိုအပ်တဲ့ Huawei_U8650_BOOT.bin ဖိုင်လေးကို ဒေါင်းရပါမယ် ဒါက အဲဖိုင်ဒေါင်းတဲ့ မူရင်းလင့်ပါhttp://forum.gpgindustries.com/downloads.php?do=cat&id=333
ဒေါင်းပြီးရင် GPGJTAG-pro Box ကို PC နဲ့ ချိတ်ပြီး အောက်ပုံ မှာ ပြ ထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ရပါမယ်။

1509286_353082684834930_1466324778_n

( 1 ) ပြ ထားတဲ့ နေရာမှာ ဖုန်းအမျိုး အစားကို ရွှေးပေးရပါမယ် 
( 2 ) နေရာမှာ ဖုန်းမော်ဒယ် ကို ရွှေးပေးရပါမယ်
( 3 ) နေရာ မှာ ပြထားတဲ့ အတိုင်း GPGJTAG-pro Box နဲ့ ဖုန်းချိတ်မဲ့ ကြိုး ကို ဖုန်းမှာ သက်ဆိုင်ရာနေရာတွေ အလိုက် ခဲဆော် ရပါမယ် ခဲဆော်ပြီးရင် GPGJTAG-pro Box နဲ့ ချိတ် လိုက်ပါမယ်
( 4 ) နေရာက Set Defaul Point ကို တစ်ချက်နှိပ်ပြီးပေးရပါမယ်
( 5) နေရာမှာတော့ မိမိဖုန်း ကို ပြန် Flash မဲ Boot.bin ဖိုင်အလိုက် ရွှေးပေးရပါမယ် ကျွန်တော် U8650 အတွက်တော့ 4M ကိုရွှေးလိုက်ပါတယ် အဲအဆင်တွေပြီး သွားပြီ ဆိုရင် 
( 6 )နေရာလေးကို နှိပ်ပြီး ဒေါင်းလော့ ဆွဲထားတဲ့ Huawei_U8650_BOOT.bin ကို သွားရွှေးပေးရပါမယ်ပြီးရင်
( 7 ) နေရာလေးက Write ကို နှိပ်ပေးလိုက်ပါ ဘောက်တစ်ခုကျလာရင် Ok ကိုနှိပ်ပေးလိုက်ပြီး သူနှိပ်ခိုင်းသလို Power Key 
ကို နှိပ်ထားပေးလိုက်ပါ ဒါဆိုရင် စပြီးအလုပ်လုပ်နေပါလိမ့်မယ် 100% ပြည့်သွားပြီ ဆိုရင် Power Key ကို လွှတ်ခိုင်းပြီးနောက်တစ်ခေါက် အလုပ်လုပ် နေပါလိမ့်မယ် 100% ပြည့်ပြီး Write Finish ဆိုရင်တော့ Deadboot ကိုပြန်နှိုးခြင်း အောင်မြင်ပါပြီခင်ဗျာ ဖုန်းမှာခဲဆော်ထားတဲ့ ကြိုးတွေ ကို ဖြုတ်ပြီး Battery တပ် ပြီး Power ခလုပ်နှိပ်ကြည့်လိုက်ပါ Huawei Logo လေးပေါ်လာပြီဆိုရင် အမောပြေ ပြီ ပေါ့ဗျာ နောက်တစ်ဆင့်အနေနဲ့ သူနဲ့ သက်ဆိုင်တဲ့ Firmware ထဲက dload ဖိုဒါလေးကို Sdcard ထဲ ကူးထည့်ပြီး Firmware ပြန်တင်ပြီးပြီ ဆိုရင်တော့ ပြီးပြည့်စုံ သွားပါပြီ ခင်ဗျာ…………စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ကျွန်တော်လုပ်ရင်းနဲ့ မှတ်ထားတာလေးကိုမှတ်မိသလောက်ပြန်ပြောပြထားတာပါ လိုအပ်တာလေးတွေရှိရင်လဲ သိပြီးသားသူတွေက ဖြည့်စွက်ပေးပါလို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ မိမိသိသလောက်လေးကို အစဉ် မျှဝေပေးနေပါမယ်။


Credit ; Ko NayLa



အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။

အားလုံးအတွက် ကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမယ်။
Posted by Kaung Htoo San On 6:35 AM No comments

0 comments:

Post a Comment

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Blog Archive

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages