Sony အတွက်အဓိကပြုလုပ်ထားတဲ့ .bat file လေးပါ။
ကျတော်လဲ Font ပြောင်းတာဘယ်လိုမှ အဆင်မပြေလို့ ရှာရင်းဒီကောင်လေးကိုတွေ့ခဲ့တာပါ။
ရေးသားထားတဲ့ Developer ကို အရမ်းကျေးဇူးတင်သလို လေးလည်းလေးစားမိပါတယ်။
ကျတော်နံမည်ကိုတော့ အတိအကျမသိတော့တဲ့အတွက် သက်ဆိုင်တဲ့သူတွေအားလုံးကို
Credit ပေးပါတယ်။
မြန်မာဖောင့်ထည့်မယ်ဆိုတော့ Root လုပ်ထားဖို့တော့လိုတယ်ဆိုတာ
ကျတော်ရှင်းပြစရာမလိုတော့ဘူးလို့ ထင်ပါတယ်။
ဒီကောင်လေးနဲ့ Sony Android version ICS <4.0.x > မှ JB <4.1.x to 4.3 > ထိ
ဖောင့်တွေကိုမှန်မှန်ကန်ကန်ထည့်နိုင်ပါတယ်။
ဖောင့်တွေကလဲအများကြီးပါလာပြီး Keyboard လဲပါ ပါတယ်။
ကြိုက်နှစ်သက်ရာ ဖောင့်တွေကိုရွေးပြီး အသုံးပြုနိုင်ပါတယ်။
ဒီကောင်လေးမှာ ပါဝင်တာတွေကတော့
****************************
နံပါတ်စဉ် ၀ က ဖတ်ရန် မှတ်စု
နံပါတ်စဉ် ၁ Bagang Keyboard Install လုပ်ရန်
နံပါတ်စဉ် ၂ မြန်မာစာအလွဲများပြင်ရန်
နံပါတ်စဉ် ၃ SmarZawgyiPro font ကို Install လုပ်ရန်
နံပါတ်စဉ် ၄ SmartZawgyi v3.0 font ကို Install လုပ်ရန်
နံပါတ်စဉ် ၅ DanceZawgyi font ကို Install လုပ်ရန်
နံပါတ်စဉ် ၆ Flower Font ကို Install လုပ်ရန်
နံပါတ်စဉ် ၇ Sanpya Font ကို Install လုပ်ရန်
နံပါတ်စဉ် ၈ SONY font ကို Install လုပ်ရန် (Android 4.3 များအတွက် )
နံပါတ်စဉ် ၉ ZawgyiGhost Font ကို Install လုပ်ရန်
နံပါတ်စဉ် ၁၀ မြန်မာစာအလွဲများပြင်ရန် နံပါတ်စဉ် ၂ ကိုလုပ်ဆောင်ပြီးနောက် App error များဖြစ်လျှင်၊ Libharfbuzz.so ကို restore ပြန်လုပ်ရန်။
နံပါတ်စဉ် ၁၁ ဖုန်းကို Reboot ပြုလုပ်ရန်
နံပါတ်စဉ် ၁၂ FONT INSTALLER ကို Exit လုပ်ရန်။
လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကျတော်ကတော့ အမှတ်စဉ် ၄ နဲ့ဖောင့်ထည့်ပြီး အမှတ်စဉ် ၁၁ နဲ့ ဖုန်းကို Reboot ချပေးလိုက်ပါတယ်။
မြန်မာစာကို မှန်မှန်ကန်ကန်မြင်ရပါတယ်။
ကျတော်ပြောတာတွေနဲနဲရှည်သွားပါတယ်။
လိုအပ်မယ်ဆိုရင်တော့.......
Credit : Original Onwer
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
..........::::: အဆင်ပြေပါစေ :::::..........
0 comments:
Post a Comment