Sony Xperia Z1 ကို Root လုပ်ချင်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
လုပ်ချင်ရင်တော့ အောက်ကအတိုင်းလေးလုပ်လိုက်ပါ။
ပထမဦးဆုံး လိုအပ်တာလေးတွေအရင်ဒေါင်းလိုက်ပါ။
.......ဒါလေးတွေကို အရင်ဒေါင်းလိုက်ပါ.......
လိုအပ်တာလေးတွေဒေါင်းပြီးရင်တော့ စလုပ်ကြရအောင်
****************************************************
1. Device ကို Unlock Bootloader လုပ်ရပါမယ်။
ဒီလင့်ကနေ ၀င်ပြီး Bootloader code တောင်းလိုက်ပါ။
2. Fastboot & adb.zip ကို ဖြည်လိုက်ပါ။
ဖြည်လို့ရတဲ့ Fastboot & adb Folder ထဲကို Boot_en.img ကိုထည့်လိုက်ပါ။
ပြီးရင် Folder ကိုဖွင့်ပြီး SHIT + RIGHT CLICK နှိပ်လိုက်ပါ။
open command window here ကို နှိပ်လိုက်ရင် Box တစ်ခုပေါ်လာပါမယ်။
အဲဒီ Box ထဲကို fastboot.exe -i 0x0fce getvar version လို့ရိုက်ထည့်ပြီး
enter မခေါက်ခင် Phone ကို volume up ဖိထားပြီး ကြိုးထိုးလိုက်ပါ။
Phone မှာ မီးပြာလေးလင်းလာရင် volume up လွှတ်ပြီးချထားလိုက်ပါ။
ပြီးရင် enter ခေါက်ပေးလိုက်ပါ။
အပေါ်ကပုံ အတိုင်း Finish ပြရင်
fastboot.exe -i 0x0fce oem unlock 0x လို့ရိုက်ထည်ပြီး x ရဲ့နောက်ကနေ
Unlock Bootloader လုပ်တုန်းကရထားတဲ့ code ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။
Finish ပြရင် fastboot flash boot boot_en.img လို့ထက်ရိုက်ထည့်ပြီး
enter ခေါက်လိုက်ပါ။
Finish ပြသွားပြီဆိုရင်တော့ ရပါပြီ။
* နံပတ် 3 အဆင့်ကိုသွားပါမယ်။ *
3. Phone ကို ပါဝါဖွင့်ပေးလိုက်ပါ။
auto အလုပ်လုပ်နေပါမယ် ... လွှတ်ထားပေးလိုက်ပါ။
ပြန်တက်လာပြီဆိုရင် step to step ... Home Screen မြင်ရတဲ့ထိသွားလိုက်ပါ။
Home Screen မြင်ရပြီဆိုရင်
Setting >>> More >>> about device >>> Built number ကို 7 ချက်လောက်နှိပ်
ပြီးရင်ပြန်ထွက်ပါ။
Developer Option ပေါ်လာပါမယ်။
Developer Option ထဲက USB Debugging ကို on ပေးလိုက်ပါ။
ပြီးရင် Phone ထဲကို UPDATE-SuperSU-v1.91.zip ကိုထည့်လိုက်ပါ။
ထည့်ပြီးရင် Phone ကို power ပြန်ပိတ်လိုက်ပါ။
ပြီးရင် power ကိုဖွင့်ပါ ... vibrate တုန်လာတာနဲ့ volume up ကို ဖိထားပေးလိုက်ပါ။
Recovery Mode ၀င်သွားပါလိမ့်မယ်။
Recovery Mode ထဲရောက်သွားပြီဆိုရင်တော့ UPDATE-SuperSU-v1.91.zip ကို
ရှာပြီး Flash ပေးလိုက်ပါ။
ပြီးရင်တော့ Reboot System Now လေးနှိပ်ပေးလိုက်ပါ။
ပါဝါပြန်တက်လာပြီဆိုရင်တော့
Root Accept အပြည့်အလုပ် လုပ်ပေးတဲ့ SuperSU လေး
သင့် Phone ပေါ်တွင် ရောက်နေပါပြီ။ :)
လေကြောလေးတော့ နဲနဲရှည်သွားမိပြီ။ :D
အဲ ... 114.2.A.0.290 Firmware မှာ ဒီအဆင့်နဲ့တင် အိုကေသွားပေမယ့် 114.2.A.1.136 မှာတော့
မအိုကေသေးပါဘူး။
Bluetooh, Network, Tethering စသည်ဖြင့် Error တွေတက်နေမှာပါ။
( တခြား Error တွေလည်းရှိနေမှာပါ )
အဲတော့ Error တွေကို ဒီလိုရှင်းကြမယ်......
Flash Tool ကို Run လိုက်ပါ မိုးကြိုးပုံလေးကိုနှိပ် Flash Mode ကို Select လုပ်ပြီး Ok ကိုနှိပ်
ပြီးရင် 114.2.A.1.136 Firmware ကို Select တချက်နှိပ်
ဆက်ပြီး ညာဘက်က Exclude အကွက်ထဲက BOOTBUNDLE နဲ့ KERNEL ကလွဲရင်
ကျန်တဲ့ PARTITION, TA, FOTA, BASEBAND, SYSTEM, ELABEL ရယ်ကို အမှန်ခြစ်ခြစ်ပေးပါ။
ပီးရင် Flash ကိုနှိပ် ဖုန်းကိုပါဝါပိတ် ခဏလောက်စောင့်ပါ
Wait For Flashmode လို့ ပေါ်လာရင် Vol Down ခလုတ်ကိုဖိပြီး ကွန်ပြူတာမှာကြိုးထိုးပေးလိုက်ပါ။
အစိမ်းရောင်လိုင်းလေးပြည့်သွားပြီး Flash Tool မှာ Please unplug and start your phone လို့ ပေါ်လာရင်
ကြိုးဖြုတ်ပြီး ဖုန်းကိုပါဝါဖွင့်ပေးလိုက်ပါ။
ပြန်တက်လာရင် Error ကင်းကင်းနဲ့ SuperSu လေးကို သုံးလို့ရပါသွားပါပြီ။ :)
Root Apps တွေသုံးလို့ရပေမယ့် System ကိုဝင်ပြင်တာမျိုးတော့ မရပါဘူး။
System ကို ၀င်ပြင်တာမျိုးလုပ်ချင်ရင်တော့
Recovery ကနေ UPDATE-SuperSU-v1.91.zip ကို ပြန် Flash ပေးလိုက်ပါ။
ဒါဆိုရင်တော့ ok သွားပါလိမ့်မယ်။
Credit : Original Owner
ကျတော့်ကိုသေသေချာချာ ရှင်းပြပေးတဲ့ ကိုထူးဇော်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်တယ်ဆိုရင် ကျေနပ်ပါတယ်။
..........::::: အဆင်ပြေပါစေ :::::..........