Android ဖုန်းတွေမှာ " Unfortunately, the process com.google.process.gapps has stopped "
ဆိုပြီး error တက်တာကို အနည်းနဲ့အများကြုံဖူးကြမယ်ထင်ပါတယ်.. com.google.process.gapps
ဆိုတဲ့နေရာမှာ အခြား Application တစ်ခုခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. အဲဒီ ပြဿနာကို
ဖြေရှင်းဖို့
နည်းလမ်းလေး တစ်ခု မျှဝေချင်ပါတယ်..
1. ဖုန်းရဲ့ Setting ကို ဝင်ပါ..
2. More ကိုတစ်ချက်နှိပ်ပြီး Application Manager ကိုဝင်ပါ.. ကျွန်တော်က Galaxy Ace 3 နဲ့ပြတာမို့လို့
အခြားဖုန်းတွေနဲ့ မြင်ကွင်း တူချင်မှတူပါမယ်.. တစ်ချို့ဖုန်းတွေမှာ Manage Application ဖြစ်ပါတယ်..
3. ပေါ်လာတဲ့ Application List မှာ All ကိုရောက်အောင်ရွှေ့လိုက်ပါ.. ပြီးရင် Menu Button
ကိုတစ်ချက်နှိပ်ပြီး Reset app preferences ကိုရွေးပေးလိုက်ပါ..
5. Reset app preferences ဘောက်ပေါ်လာရင် Reset apps ကိုနှိပ်ပေးလိုက်ပါ.. ဖုန်းကို Restart
ချပေးလိုက်ပါ.. ပြန်တက်လာရင် ပြီးဆုံးသွားပါပြီ.. error မတက်ဘဲ ကောင်းမွန်စွာ အလုပ်လုပ်နေတာကို
မြင်ရမှာဖြစ်ပါတယ်..
Credit : Ko Maung Pauk
.......::::: အဆင်ပြေပါစေ :::::........
0 comments:
Post a Comment