Wednesday, September 18, 2013


ဒီ Launcher လေးက Beta အဆင့်ပဲရှိပါသေးတယ်။ Pro အဆင့်ရောက်ရင်တော့ အတော်လေးသုံးကောင်းမယ်။ အခု Beta အဆင့်မှာတောင် အထစ်ငေါ့မရှိ သုံးလို့ကောင်းနေပါတယ်။ သူ့မှာ တစ်ခြား Launcher တွေလို Screen Page တွေ အများကြီးမရှိပါဘူး။ Home Page တစ်ခုတည်းပဲ ရှိပါတယ်။ ထို Home Page တစ်ခုတည်းမှာတင်ပဲ အားလုံး ပြည့်စုံအောင် ထည့်သွင်းသွားတာ တွေ့ရပါတယ်။ ဒါကြောင့် Page တွေ တစ်ခုပြီးတစ်ခု လိုက်လံ ရှာဖွေရတဲ့ ဒုက္ခ ကင်းဝေးသွားပါတော့တယ်။

Home Page မှာ အဓိက ပါရှိတာတွေကတော့ ..
Phone , Diary , Media , Apps .. ဆိုပြီး လေးမျိုး ပါရှိပါတယ်။
လေးမျိုးပဲဆိုလို့ နည်းတယ် မထင်နဲ့ဦး တစ်မျိုးစီကို ဖိလိုက်ရင် ကဏ္ဍအခွဲတွေ အများကြီး ပါနေသေးတယ်။

Phone ကိုဖိလိုက်ရင် Contacts , Miss Calls, Call Logs , Redial , Profiles ဆိုပြီး ဖော်ပြပေးတယ်။ တစ်ချက်ဖိရုံနဲ့ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေ အကုန်ပြတ်ကရောပဲ .. ဘယ်လောက် မိုက်လဲ

Diary ကို ဖိလိုက်ရင် New Message (sms အသစ်ရေးရန်) , New Meeting (အချိန်ဇယား မှတ်ရန်) , File Manager , Calendar , Messaging (sms) , Email .. အဲ့ဒါတွေ ပါတယ်။ ဒါလဲ sms နဲ့ပက်သက်တာတွေ အကုန်ရှင်းရောပဲ .. မိုက်စ်

Media မှာတော့ Music Player , Video Player , GPS , Album (Gallery) , Camera , Browser စတာတွေ ပါတယ်။ ရှာဖွေရ အလွန်သက်သာသွားစေပါတယ်။

Apps ကို နှိပ်ရင်တော့ .. တစ်ခြား Launcher တွေမှာ Screen Page တွေပေါ် App icon တွေ တင်ထားသလိုမျိုး ကိုယ် အသုံးပြုချင်တဲ့ Apps တွေကို shortcuts တွေ လုပ်ပြီး ထည့်ထားလို့ရတယ်ဗျာ။ All Apps ဆိုတာလဲပါလို့ ဖုန်းထဲ ထည့်ထားသမျှကိုလဲ App တွေကို ကြည့်နိုင်တယ်။
Favorites ဆိုတာလဲပါတော့ ကိုယ် အမြဲသုံးလေ့ရှိတာတွေကို သီးသန့်အုပ်စုဖွဲ့ပြီး ထည့်ထားလို့ ရသေးတယ်ဗျာ။

နောက်ခံ Background Wallpaper ကိုလဲ ပြောင်းနိုင်တယ်။ search box ပါရှိလို့ အလိုရှိရာကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ function တွေကို အသုံးပြုတဲ့နေရာမှာ ညာဘက်ကို ဖိပြီးဆွဲရင် ပုံစံတစ်မျိုး၊ ဘယ်ဘက်ထိ ဖိပြီးဆွဲလိုက်ရင် ပုံစံတစ်မျိုး ပြောင်းလဲပေးပါသေးတယ်။
ဥပမာ Phone ကိုဖိလိုက်ရင် သူနဲ့ဆိုင်ရာတွေ ပေါ်လာပြီး Contacts ကို ရွေးလိုက်ပြီဆိုစို့။ ရွေးပြီး ဖွင့်လိုက်ရင် Contacts ပွင့်သွားမှာဖြစ်သလို မရွေးသေးပဲ ဘယ်ဘက်အထိ ဖိဆွဲလိုက်ရင် Contacts ထဲမှ အခေါ်အများဆုံး ဖုန်းနံပါတ်များ ထပ်မံ ပေါ်လာမှာဖြစ်ပါတယ်။ ထို ဘယ်၊ညာ ဖိဆွဲရင် သက်ဆိုင်ရာ အလိုက် ပြောင်းလဲ ဖော်ပြပေးမယ့်ဟာက
တော်တော်လေး လန်းတာ တွေ့ရပါတယ်။ အဲ့ဒါလေးက Splay ကို လန်းသွားစေတဲ့ အဓိက အချက်ပါပဲဗျာ။ Battery စားလဲ သက်သာတာတွေ့ရပါတယ်။ ဖုန်းတိုင်းတွင်တော့ အဆင်ပြေချင်မှ ပြေပါမယ်။
Android 2.1 နှင့်အထက်တွင် အသုံးပြုနိုင်တယ်။
စိတ်ဝင်စားရင်တော့ ယူလိုက်ပါ...............
Download Link 1 : Zippyshare.com

Download Link 2 : Dev-Host.com

Download Link 3 : Solidfiles.com





                                  ..........::::: အဆင်ပြေပါစေ :::::..........

Posted by Kaung Htoo San On 4:22 AM No comments

0 comments:

Post a Comment

  • RSS
  • Delicious
  • Digg
  • Facebook
  • Twitter
  • Linkedin
  • Youtube

Blog Archive

Advertisement

Sample Text

Unordered List

    Recent Posts

    Text Widget

    Pages